Print

ချီယာစေ့လေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

  25-Mar-2026
Preview Image

ချီယာစေ့လေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
+++++++++++++++++++++++++++++++++++ Chia seeds ဆိုတာ မက္ကဆီကိုမှာ အဓိကပေါက်တဲ့ Salvia hispanica L. ဆိုတဲ့ အပင်ကရတဲ့ အစေ့လေးတွေ ဖြစ်ပါတယ်။ ချီယာစေ့မှာ အမျှင်ဓာတ်၊ အသားဓာတ်၊ ခန္ဓာကိုယ်အကျိုးပြု အဆီဓာတ် omega-3, omega-6၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)စတဲ့ ခန္ဓာကိုယ်အကျိုးပြုတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတာမို့ အာဟာရပညာရှင်တွေက “စူပါအစားအစာ (super food)” လို့တောင် တင်စားကြပါတယ်။ ကျန်းမာရေး အကျိုးကျေးဇူးများကတော့ ➤Chia စေ့မှာ omega-3, omega-6 စတဲ့ အကျိုးပြု အဆီဓာတ်တွေ ပါဝင်လို့ သွေးတွင်း အဆီဓာတ်ကို ညီမျှစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ ➤ အမျှင်ဓာတ်ကြွယ်ဝတာမို့ အစာခြေစနစ်ကို အထောက်အကူပြုရုံသာမက ဝမ်းချုပ်သက်သာစေပြီး အူမကြီးလှုပ်ရှားမှုကို တိုးတက်စေပါတယ်။ အူလမ်းကြောက်းအတွက် လိုအပ်သော အကျိုးပြု သဘာ၀ prebiotic အဖြစ်လည်း လုပ်ဆောင်ပေးပါတယ်။ ➤ သွေးတွင်း သကြားဓာတ်မြင့်တက်ခြင်းကို ထိန်းညှိပေးပါတယ်။ ➤ ဓာတ်တိုးဆန့်ကျင်သတ္တိ (antioxidants) အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး ကင်ဆာနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ➤ Chia စေ့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ် စတဲ့ သတ္တုဓာတ်တွေက အရိုးနဲ့သွားကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ➤ ချီယာစေ့မှာပါတဲ့ အမျှင်ဓာတ်က ရေကိုစုပ်ယူတာကြောင့် စားပြီး အချိန်ကြာကြာ ပြည့်အင့်နေစေတဲ့ ခံစားမှုကိုပေးပါတယ်။ ဒါ့ကြောင့် အစာစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန်‌ လျှော့ချ‌ရာမှာလည်း တစ်စိတ်တစ်ပိုင်း အထောက်အကူပြုပါတယ်။ ဝိတ်ချနေသူများအတွက် စူပါ food ပါပဲ။ Dr. SMHM (M.D., Indonesia) 7887 Healthcare #7887healthcare #seveneighteightseven #healthinformation


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18